မိတ္ထီလာ ဇန်နဝါရီ ၁၆
မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေး Menagement သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့က အဆိုပါရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းက အမှာစကားပြောကြားရာတွင် မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှု အောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ်များရှိ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်များ တိုးတက်လာပြီး လုပ်ငန်းခွင်တွင် ထိထိရောက်ရောက် အသုံးချခြင်းဖြင့် မိမိတို့ဦးစီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်နှင့် တာဝန်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ယခုလို ဝန်ထမ်းများအား သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းမှသင်ကြား ပို့ချပေးသော သင်ခန်းစာများမှာ လုပ်ငန်းခွင်တွင် ထိထိရောက် ရောက် အသုံးချနိုင်မည်ဖြစ်သည့်အတွက် သင်ကြားပို့ချသည့် သင်တန်းနည်းပြများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် လည်း မိမိတို့ လုပ်ငန်းခွင်တွင် သင်တန်းမှ ပို့ချလိုက်သည့် သင်ခန်းစာများကို အကျိုးရှိစွာ အသုံးချသွားကြပါရန် ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းနှင့် သင်တန်းနည်းပြဆရာများက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ်ရုံးများမှ သင်တန်းသူသင်တန်းသား(၁၅)ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။
သိန်းမြင့်ကျော် (မိတ္ထီလာ)