လမိုင်း ဇန်နဝါရီ ၁၆
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ လမိုင်းမြို့အတွင်းရှိ ကျိုက်ကေလာသ တန်ခိုးကြီးဘုရား ပုထိုးစေတီနှင့် ကျာ်ဓာတ်ဇူဘုရားစေတီတော်တို့တွင် ပြာသိုလပြည့်နေ့တွင် ရပ်နီးရပ်ဝေးမှ ဘုရားဖူး ပြည်သူများစွာ လာရောက်ဖူးမြော်၍ စည်းကားလျက်ရှိသည်။
လမိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ သိသာစွာ လျော့နည်းကျဆင်းမှုရှိသော်လည်း ကူးစက်မှုနှုန်း ဟန့်တား ထိန်းချုပ်နိုင်ရေးနှင့် ကိုဗစ်-၁၉ ကာလ ပြည်သူများ စိတ်နှလုံးအေးချမ်းစွာဖြင့် ကုသိုလ် ယူနိုင်ကြစေရန် ကျိုက်ကေလာသ တန်ခိုးကြီးဘုရားပုထိုးစေတီတွင် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ပေးထားပြီးဖြစ်ကာ ရဟန်းရှင် လူပြည်သူများ စိတ်အေးချမ်း သာစွာဖြင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ပွဲများ ပြုလုပ်ပြီး ကုသိုလ်ယူ ဆောင်ရွက်မှုများ ရှိသကဲ့သို့ မြန်မာလူမျိုးတို့၏ ရိုးရာယဥ်ကျေးမှု ဓလေ့တစ်ခုဖြစ်သည့် အခါကြီး ရက်ကြီး၊ နေ့ထူးနေ့မြတ်များတွင်လည်း ဘုရားဖူးပြည်သူများ၊ ခရီးသွားပြည်သူများအား အာဟာရဒါန စတုဒိသာများဖြင့် ကျာ်ဓာတ်ဇူ ဘုရားပုထိုးစေတီတော်ရင်ပြင်၌ ဧည့်ခံကျွေးမွေး ကုသိုလ်ယူကြသည်။
ဖြူဖြူအေး(ပြန်/ဆက်)