မုဒုံ ဇန်နဝါရီ ၁၆
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်ရှိ ဆေးထိုးစုရပ်များတွင် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများကို ယမန်နေ့နံနက်ပိုင်းက ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးသည်။
ထို့ပြင် အိုမီခရွန် အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများ ကြိုတင်ကာကွယ်ရေး အတွက် ဆေးထိုးစုရပ်များနေရာ ၁၃ နေရာတို့တွင် နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအကြိမ်ပြည့် ထိုးနှံကြရန် အသိပညာပေး နှိုးဆော်ထား ခြင်းများဆောင်ရွက်လျက်ရှိသည်။
ဆေးထိုးစုရပ်များတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများက ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်း ကူညီဆောင်ရွက်ပေးကြောင်း၊ ဇန်နဝါရီ ၁၄ ရက်အထိ ပြည်သူ (၉၂၈၀၉)ဦးကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီး စီးကြောင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)