ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ဒက္ခိဏသီရိ   ဇန်နဝါရီ  ၁၆

စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူ အချင်း ချင်း ဆွေးနွေးဖလှယ်နိုင်ရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟို ဌာန(Community Centre)ခန်းမ၌ ခရိုင်စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club)အဖွဲ့၊ စာရေးဆရာများနှင့် စာပေဝါသနာရှင်များက ယမန်နေ့မွန်းလွဲပိုင်းတွင် စာရေးဆရာမ ခင်လေး(ပြည်ထောင်စုနယ်မြေ) ရေးသားသည့် “စွဲထင်ကျန်ရစ် အမှတ်တရဖြစ်စေနှင့် အခြားဝတ္ထုတို များ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ဆွေးနွေးသည်။

ရှေးဦးစွာ နေပြည်တော်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးသန့်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် “စွဲထင်ကျန်ရစ် အမှတ်တရဖြစ်စေနှင့် အခြားဝတ္ထုတိုများ” စာအုပ်ကို မိတ်ဆက်ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဒက္ခိဏခရိုင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များ၊ စာရေးဆရာများနှင့် စာပေဝါသနာရှင်များက စာရေးဆရာမ ခင်လေး (ပြည်ထောင် စုနယ်မြေ)ရေးသားသည့် “စွဲထင်ကျန်ရစ် အမှတ်တရဖြစ်စေနှင့် အခြားဝတ္ထုတိုများ” စာအုပ်တွင်ပါရှိ သည့် လုံမှပျို၊ ဆပ်၍ မကုန်သောအကြွေး၊ အသိုက်ဖျက်သူ၊ ထင်ကျန်ရစ်သောစွဲလမ်းမှု၊ တန်ပြန်သက်ရောက်မှုရှိသည်၊ ပန်းချည်တဲ့ကြိုး၊ အမေ့ခင်ပွန်း၊ မိထွေး၊ ကျွန်ဝယ်ရာအဆစ်ပါ၊ ကျွန်တော် ချစ်သောစံပယ်ရုံ၊ ဆုတောင်မှား ကြသူများ၊ မေတ္တာစာ၊ နားခိုရာ ဘဝများ၊ အတ္တကိုမှီဝဲကြသူများ၊ မေတ္တာစေကျွန်၊ စွဲထင်ကျန်ရစ် အမှတ် တရဖြစ်စေ စသည့်ခေါင်းစဉ်များအလိုက် အကြောင်းအရာ အချက်အလက်များကို မိမိတို့၏ သဘောထားအမြင်များ၊ သုံးသပ်ချက်များဖြင့် အပြန်အလှန်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)