သံဖြူဇရပ်မြို့နယ်၌ ရေပေးရေးလုပ်ငန်းနှင့် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

သံဖြူဇရပ်   ဇန်နဝါရီ ၁၆
 

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဝဲဟတာကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း၊ ပြည်ထောင်စု ရန်ပုံငွေကျပ်၂၇ ဒသမ ၅၄ သန်းဖြင့် နှစ်ကိုင်းကျေးရွာနှင့် ဒုံဂနိကျေးရွာ တို့တွင် ကျေးလက်နေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် နွေရာသီ ရေရှားပါးမှု မရှိစေရေးတို့အတွက် တွင်းတိမ်တူးဖော်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဒရယ်ဖြူ ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက အဆိုပါ ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မော်လမြိုင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒေါ်ခင်နွယ်ဦးနှင့် ဝန်ထမ်းများ၊ သံဖြူဇရပ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဒေါ်တင်ဝေနှင်းနှင့်ဝန်ထမ်းများ ကျေးရွာများမှ ရေကော်မတီဝင်များနှင့် တာဝန်ရှိသူများက တွင်းတိမ်တူးဖော်ခြင်းလုပ်ငန်းနှင့် ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးက လုပ်ငန်းများ သက်မှတ်စံချိန်စံနှုန်း ပြည့်မီရေး အချိန်မီပြီးစီးနိုင်ရေး အလေးထား ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးအေးမွန်(ပြန်/ဆက်)