ကျောက်ဆည်မြို့နယ်၌ ဆဌမအသုတ် (ပထမ)အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၃၇၃၁)ဦး ထိုးပြီးဖြစ်

ကျောက်ဆည်    ဇန်နဝါရီ    ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီခွဲက ဆဌမအသုတ် (ပထမ)အကြိမ်တွင် ကာကွယ်ဆေး ထိုးပြီးသူပေါင်း (၃၇၃၁)ဦး ရှိကြောင်း သိရှိရသည်။

 ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် သံဃာတော် (၂၀)ပါး၊ အစိုးရကျန်းမာရေး ဝန်ထမ်း (၂)ဦး၊ နိုင်ငံ့ဝန်ထမ်း (၁၁)ဦး၊ ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံဝန်ထမ်း (၁၀)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ကိုင်သူ (၁၄)ဦး၊ ပုဂ္ဂလိကပညာရေးဝန်ထမ်း (၁)ဦး၊ အခြားဝင်ငွေရလုပ်ငန်းလုပ်ကိုင်သူ (၂၈၂၈)ဦး၊ ပြည်သူ (၄၉၀)ဦး၊ မသန်စွမ်းသူ (၁)ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၃၅၄)ဦး စုစုပေါင်း (၃၇၃၁)ဦး ဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကွယ်ဆေးများထိုးနှံရာတွင် စမာ၊ မင်းစု၊ သံရွာ၊ ဖျောက်ဆိပ်ပင်၊ ဒွေးလှ၊ ရဲရွာ ကျေးလက်ကျန်းမာရေးဌာနခွဲများနှင့် မြို့တော်ခန်းမတို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးစုရပ်များအဖြစ် နေရာခွဲကာ မြို့နယ်စီမံချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်း အဖွဲ့ဝင်များ ပူးပေါင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

သက်မောင်