ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီးနောက် ပြန်လည် ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံများ

ကော့မှူး ဇန်နဝါရီ  ၁၅

ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့ နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီ မှဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့် စေတနာဝန်ထမ်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကား သံများကို ဖော်ပြလိုက်ပါသည်။

ဒေါ်ခင်အေး

ကျွန်မကတော့ ကော့မှူးမြို့နယ် တောင်ချောင်ကျေးရွာမှ နေထိုင်တဲ့ ဒေါ်ခင်အေးဖြစ်ပါတယ်။ ကျွန်မက ဩဂုတ်လ ၁ ရက်နေ့မှ စတင်ဖျားပြီး ကျွန်မက သြဂုတ်လ ၄ ရက်နေလောက်မှာ အနံ့စတင် ပျောက်သွားသည့်အတွက် နောက်တစ်နေ့တွင် မြို့နယ်ဆေးခန်းပြသရာ ဆရာဝန်မှ ကိုဗစ်လက္ခဏာ တွေ့ရှိရသည့်အတွက် Home Quarantine သီးသန့်နေထိုင်ပြီး ဂရုစိုက်ဖို့မှာလိုက်သည့်အတွက် ဆရာဝန်မှာကြားတဲ့ အတိုင်းနေထိုင်ပါတယ်။ ကျွန်မက အသက်အရွယ်ကလည်း (၆၃)နှစ်ဆို‌တော့ ကျန်းမာရေး ဂရုတစိုက်နေထိုင်ပင်မဲ့ အသက်ရူမဝခြင်း၊ မောပန်းခြင်း၊ ချောင်းဆိုးခြင်းများ ခံစားလာရသည့်အတွက် ဒုတိယအကြိမ် ဆရာဝန်နှင့် ထပ်မံပြသခဲ့ရာ ဆရာဝန်မှ အသက်ရူလေ့ကျင့်ခန်းကို စနစ်တကျနည်းလမ်းမှန်မှန်လုပ်ဖို့၊ ဘီတာမင် C၊ ဘီတာမင် A အားဆေးများကို အချိန်မှန်သောက်ဖို့၊ ကြက်ပြုတ်ရည်များများသောက်ဖို့ အဟာရရှိတဲ့အစားအစာများကို အချိန်မှန်စားဖို့နှင့် ကြောက်စိတ်မထားရန် ညွှန်ကြားခဲ့ပါတယ်။ ကျွန်မအနေနှင့် ဆရာဝန်ညွှန်ကြားချက်နှင့် အညီ ဂရုစိုက်ပြီး အားဆေးများ အချိန်သောက်ခြင်း၊ အသက်ရူလေ့ကျင့်ခန်းများကို အချိန်မှန်လုပ်ခြင်း၊ တရားထိုင်ခြင်းများပုံမှန်လုပ်ခြင်းဖြင့် ဩဂုတ် ၁၁ ရက်နေ့တွင် အနံ့ပြန်လည်ရရှိလာပြီး အိမ်တွင် (၁၄)ရက်ကြာ နေထိုင်ခဲ့ပါတယ်။ ကျွန်မအနေဖြင့် ပြောချင်တာကတော့ ကိုဗစ်-၁၉ ရောဂါလက္ခဏာ ပြလာပြီဆိုရင် မကြောက်ပါနှင့် စိတ်ကိုခိုင်ခိုင်ထားပါ။ အချိန်မှန်အိပ်ပါ၊ အားရှိသော အစားအစာများ ပုံမှန်စားသောက်ပါ။ ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာပါ။ ပြီးတော့ ကျန်းမာရေးဌာန၏ ညွှန်ကြားချက်အတိုင်း အပြင်သွားတိုင်း (Mask) တပ်ပါ၊ လက်ကို မကြာခဏဆေးကြောပါ၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေပါ၊  အားလုံးကို ကျေးဇူးတင်ပါတယ်။

ကျော်သူရ