ကျိုင်းတုံ ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း၌ မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး ဟောပွဲကို ဇန်နဝါရီ ၁၄ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် အမှတ်(၂၈) မူးယစ်တပ်ဖွဲ့စု(ကျိုင်းတုံ)မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး စည်သူထွန်းက မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ၊ ဆိုးကျိုးရလာဒ်များ အကြောင်း၊ ပြစ်မှုပြစ်ဒဏ်များ အကြောင်းကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းရာ ဒုတိယရဲမှူးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ထို့နောက် အမှတ်(၂၈) မူးယစ်တပ်ဖွဲ့စု(ကျိုင်းတုံ)၊ တပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်