ကျား၊မ အခြေပြု အကြမ်းဖက်မှု အသိပညာပေး Talk Show ကျင်းပ

ပုဗ္ဗသီရိ ဇန်နဝါရီ ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကျား၊မ အခြေပြု အကြမ်းဖက်မှု အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်း နှင့် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်) တို့မှ ကျား၊မ​ရေးရာ ဆိုတာဘာလဲ၊ အမျိုးသား၊ အမျိုးသမီးများ နေ့စဉ်တာဝန်ခွဲဝေမှု အကြောင်းများ၊ ကျား၊မရေးရာကို လူမှုရေးအရ ပတ်သက်ပုံ အကြောင်းများ၊  ကျား၊မ အခြေပြုအကြမ်းဖက်မှု ဖြစ်ပွားရတဲ့အကြောင်းများ၊ ကျား၊မ အခြေပြု အကြမ်းဖက်မှုနှင့် ပတ်သက်သည့် အကြောင်းများ ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိစေရန်တွက် Online မှတစ်ဆင့် အသိပညာပေး Talk Show အစီအစဉ် များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးသီဟ