ညောင်တုန်းမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွား

ညောင်တုန်း ဇန်နဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဆားမ‌‌လောက်ကျေးရွာအုပ်စု၊ ဆားမလောက် (အလယ်ပိုင်း)ကျေးရွာတွင် ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် ယမန်နေ့၁၆နာရီခွဲ အချိန်ခန့်က မြစ်ကမ်းပါ ပြိုကျမှုဖြစ်ပွားခဲ့သည်။

အဆိုပါမြစ်ရေတိုက်စားမှုကြောင့် ကမ်းခြေမှအလျား(၁၀၀)ပေ၊ အနံ(၁၅)ပေခန့်ပြိုကြမှုဖြစ်ပွားခဲ့ပြီး အနန္ဒဂုဏ် ရောင်ရွာ လယ်ပရိယတ္တိဘုန်းကြီးကျောင်းဝန်းအတွင်းရှိ အလံပြ ၉တောင်ပြည့်စေတီတစ်ခု နိမ့်ကျမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)