မိုင်းလုံ ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ် ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူပြည်သူတစ်ဦး၏ရင်တွင်းစကားသံအချို့ကို ယခုလိုပဲသိရပါသည်။
ကျွန်မအမည်ကတော့ နန်းမွန်းမွန်းဖြစ်ပါတယ်။ အသက်က(၂၈)နှစ်ရှိပြီး၊ အလယ်ရပ်ကွက်တွင် နေထိုင်ပါတယ်။ အထည်ဆိုင်ဖွင့်ထားပါတယ်။ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများစတင် ထိုးနှံပေးကတည်းက ထိုးမယ်ဆိုပြီး မထိုးဖြစ်ခဲ့တာ ဒီလမှ သွားရောက်ထိုးနှံဖြစ် ခဲ့ပါတယ်။ ဆိုင်ရောင်းတယ်ဆိုတော့ လူအများနဲ့နေ့စဉ် ပြောဆိုဆက်ဆံနေရတော့ ကာကွယ် ဆေး ထိုးထားဖို့ပို လိုအပ်တာပေါ့။ ကာကွယ်ဆေးထိုးထားခြင်းဟာ ကိုယ်အတွက်လည်း ကောင်း သလို ဈေးဝယ်သူတွေ အတွက် လည်း စိတ်ချရတယ်။ ပထမအကြိမ်ကို (၆-၁၂-၂၀၂၁) ရက်နေ့မှာ ထိုးနှံခဲ့ပြီး၊ဒုတိယအကြိမ်ကို (၄-၁-၂၀၂၂)ရက်နေ့မှာ ထိုးနှံခဲ့ပါတယ် ။ ကာကွယ်ဆေး ထိုးနှံပြီး တော့ ဖျားလည်းမဖျားကိုက်ခဲမှု လည်းမရှိပါဘူး။ ကျွန်မတို့ ဈေးသည်က ကာကွယ်ဆေးထိုးနှံဖို့ ဘာလို့ပိုလိုအပ်လဲဆိုရင်အများနဲ့ ဆက်ဆံရတာဖြစ်တဲ့အတွက် ကိုယ်ကြောင့်တပါးသူကို ရောဂါ ကူးစက်မှု မရှိစေရန် ထိုးခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုး ထားပါက အများ အတွက်လည်း အဆင်ပြေသလို ၊ ကိုယ်တိုင်လည်း ရောဂါကူးစက်နိုင်မှုမှ ကာကွယ်နိုင်တဲ့ အတွက် လူတိုင်းကာကွယ်ဆေးထိုးနှံကြပါလို့ တိုက်တွန်းချင် ပါတယ်။ အခုလို အခမဲ့ ထိုးနှံပေးခြင်းကြောင့် ငွေကုန်ကြေးကျမရှိလို့ အသက်(၁၈) နှစ်ပြည့်ပြီး သူတိုင်းသွားရောက် ထိုးနှံနိုင်ပါတယ်လို့ ပြောပြချင်ပါတယ်။ ကာကွယ်ဆေးထိုးနှံပေးသော ကျန်းမာရေး ဝန်ထမ်းများ၊ ပရဟိတအသင်းနှင့် တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
ဇော်ဇော်(ပြန်/ဆက်)