မင်္ဂလာဒုံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်း ဆောင်ရွက်ပေး

မင်္ဂလာဒုံ   ဇန်နဝါရီ  ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့"ဟူသော ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံ ချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ရပ်ကွက်၊ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်း က မင်္ဂလာဒုံမြို့နယ်၊၃(ခ)ရပ်ကွက်ဓမ္မာရုံတွင် ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

ကွင်းဆင်းဆောင်ရွက်မှုတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူး ရုံးက မြို့နယ်ဦးစီးမှူး ဦးမြင့်သူအောင်နှင့်ဒု-လဝကမှူးဒေါ်နွယ်မာထွန်း ဦးဆောင်သောအဖွဲ့က  ၃(ခ)ရပ် ကွက် ဓမ္မာရုံတွင် အသက်(၁၀)နှစ်ပြည့်နိုင်ငံသားကတ်ကိုင်ဆောင်သူ(၁၅)ဦး၊ အသက်၁၈နှစ်ပြည့် နိုင်ငံ သားကတ် ကိုင်ဆောင်သူ(၁၂)ဦး၊လဲလှယ်( ၄၈)ဦး၊ စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင် သူ(၇၅)ဦးတို့ကို အသီးသီးကွင်းဆင်းဆောက်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ကြိုင်နှင့်အဖွဲ့ဝင်များကကြည်ရှူ့စစ်ဆေးခဲ့ပြီး လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သန္တာ(ပြန်/ဆက်)