ကျောင်းသား ကျောင်းသူများအား အသိပညာဗဟုသုတ ရရှိစေရန်အတွက် နယ်လှည့်ဟော​ပြောပွဲ ကွင်းဆင်းဆောင်ရွက်

ကျိုင်းတောင်း ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများမှ ကျောင်းသားကျောင်းသူများအား အသိပညာဗဟုသုတ ရရှိစေရန်အတွက် ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့်က အ.မ.က(လုံကောင့်) စာသင်ကျောင်းသို့ သွားရောက်၍ နယ်လှည့်ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်လှည့်ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ရာ၌ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်စန်းစန်းယဉ်က " ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာများ " ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး ဆက်လက်၍ ကျောင်းသားကျောင်းသူများအား ဗဟုသုတ ရရှိစေ​မည့်အကြောင်းအရာများ၊ စာဖတ်ရခြင်း၏အကျိုးကျေးဇူးများကိုလည်း ဟောပြောဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းဟော​ပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားရှိသော နံရံကပ်စာစောင်များ၊  နံရံကပ်ဓာတ်ပုံများ၊ မူးယစ်ဆေးဝါး အန္တရာယ်ပညာပေး နံရံကပ် စာစောင်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်းစီ၏ ​ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၉)ရပ်တို့ကို ကျောင်းသားကျောင်းသူများက ကြည့်ရှုလေ့လာ ခဲ့ကြကြောင်းသိရသည်။

သီဟ(ပြန်/ဆက်)