ရေးမြို့နယ်တွင် ကျောင်းသား၊ ​ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေးလျက်ရှိ

ရေး ဇန်နဝါရီ ၁၄

မွန်ပြည်နယ် ​မော်လမြိုင်ခရိုင်၊ ​ရေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်သား၊ ကျောင်းသူများအား ယ​နေ့နံနက်ပိုင်းက  မြို့နယ်အတွင်းအရှိ သတ်မှတ်ဆေးထိုးစုရပ်နေရာများတွင် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးကြီးကြပ်၍ မြို့နယ်ပညာ​ရေးမှူးဦးမင်း​ဌေးဦး၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများက မြို့နယ်အတွင်းရှိ အ​ခြေခံပညာကျောင်းများမှ ဒုတိယအကြိမ် ထိုးနှံရန်သတ်မှတ်ရက်ပြည့်သူ  ​ကျောင်းသား၊ ​ကျောင်းသူ ၁၇၀ ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) စနစ်တကျ ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

​ရေးမြို့နယ်အတွင်း အသက် ၁၂နှစ်အထက် ​ကျောင်းသား၊ ​ကျောင်းသူ  ၈၂၆၅ ဦးအား ထိုးနှံ​ပေးခဲ့ပြီး ​ကျန်ရှိသူများအား ဆက်လက်ထိုးနှံ​ဆောင်ရွက်​ပေးသွားမည်ဖြစ်​ကြောင်း သိရသည်။

ခင်သိမ့်သိမ့်ရည်၊ ပြန်/ဆက်