လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး “လူငယ်ဘဝလှပဖို့ မူးယစ်ဆေးဝါးသုံးစွဲမှုကို ရှောင်ကြဉ်စို့” Talk Show ကျင်းပ

လယ်ဝေး    ဇန်နဝါရီ  ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဌာန (Community Centre)တွင် ယနေ့ နံနက် (၁၀) နာရီက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး “လူငယ်ဘဝလှပဖို့ မူးယစ်ဆေးဝါးသုံးစွဲမှုကို ရှောင်ကြဉ်စို့” Talk Show ကျင်းပခဲ့သည်။

အဆိုပါ Talk Show တွင် မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်နှင့် စာရေးဆရာထက်ဝေအောင် (စစ်ကိုင်း)တို့က မူးယစ်ဆေးဝါးအမျိုးမျိုးကို မှီဝဲသုံးစွဲလာသည့် လူငယ်များ ၏အခန်းကဏ္ဍများ၊ မိဘအုပ်ထိန်းသူများနှင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းတို့က လူငယ်များ ကို ဆေးလိပ်အစပြု၍ ဆေးလိပ်မသောက်ဖြစ်အောင်၊ မူးယစ်ကမ္ဘာနှင့် အလှမ်းကွာဝေးအောင်၊ မူးယစ်ဆေးဝါးများ ရှောင်ကြဉ်ခြင်း၏ အကျိုး၊ မရှောင်ကြဉ်ခြင်း၏ အပြစ်များနှင့် အနာဂတ်ပန်းကလေးများ ထာဝစဉ်လန်းဆန်းရေးအတွက် မူးယစ်ဆေးဝါးအန္တရာယ်ကို စွမ်းနိုင်သမျှ မည်ကဲ့သို့ကာကွယ်သင့်ကြောင်း စသည်တို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Showများ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်၊ ပုံပြင်၊ ကဗျာရွတ်၊ အရုပ် ခေါက်ခြင်း၊ ရွှေသွေးကာတွန်း၊ အားကစားလှုပ်ရှားမှု၊ သင်တန်းစသည့် အစီအစဉ်များကို ရိုက်ကူး၍ Online မှ တင်ဆက်ပေးလျက်ရှိရာ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး “လူငယ်ဘဝလှပဖို့ မူးယစ်ဆေးဝါးသုံးစွဲမှုကို ရှောင်ကြဉ်စို့” Talk Show အစီအစဉ်ကိုလည်း We Love Leiway Page တွင် နှစ်ပိုင်းခွဲ၍ တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နေဇော်ချစ်(ပြန်/ဆက်)