ကာလိမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆောင်ရွက်

ကာလိ ဇန်နဝါရီ  ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နေ့လယ် (၁၁)နာရီအချိန်ခန့်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk show) အား လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နန်းဆေးက မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) အွန်လိုင်းအသိပညာပေး ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကာလိမြို့ မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးမျိုးအောင်သူက ပြည်သူများ သိသင့်သိထိုက်သော အသိပညာ ဗဟုသုတများမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မိမိနေအိမ်၌ အိမ်သုံးမီးဖိုအသုံးပြုလျှင် သတိထားသင့်သည့် အချက်များ၊ ဘုရားမီးအမွှေးတိုင် မီးပူဇော်လျှင် သတိထားရမည့်အချက်များ၊ မိမိနေအိမ်တွင် မီးဘေးအန္တရာယ် ကင်းဝေးစေရန် လိုက်နာရမည့် အချက်များ၊ အထပ်အမြင့်တိုက်များ မီးလောင်လျှင်၊ မီးလောင်မှုမှ မီးခိုးအန္တရာယ်ကြုံတွေ့ရလျှင် ပြည်သူများ သိသင့်သိထိုက်သော အချက်များ အစရှိသည့် ပြည်သူများ သိရှိလိုက်နာရမည့် အကြောင်းအရာများကို ဆွေးနွေးဟောပြောခဲ့ကြသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် အွန်လိုင်းမှတစ်ဆင့် ပြည်သူများအတွက် အသိပညာ ဗဟုသုတများ တိုးပွားရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေး အသင်းအဖွဲ့များတို့ကို ပူးပေါင်းပြီး စဉ်ဆက်မပြတ် စီစဉ်ကျင်းပ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ဝင်းကျော်(ကာလိ)