ကျောက်မဲမြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

ကျောက်မဲ ဇန်နဝါရီ  ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှူး ဒေါ်စုစုဝင်းသည် ယနေ့နံနက်ပိုင်းက ရောင်စုံစက္ကူ ဖိနပ်ခေါက်နည်းကို ရိုက်ကူးကာ   Online မှ တစ်ဆင့် ထုတ်လွှင့်ပြသပေးခဲ့ကြောင်း သိရသည်။

အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များအတွက် အသိပညာဗဟုသုတများ ရရှိစေရန်၊ စိတ်အပန်းပြေပျော်ရွှင်စေရန် ရည်ရွယ်၍  သုတ၊ ရသ စာအုပ်စာ‌စောင်မိတ်ဆက်ခြင်း အစီအစဉ်၊ ဆေးရောင်ခြယ်အစီအစဉ်၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်များနှင့် ရောင်စုံစက္ကူလေးများဖြင့် အရုပ်ခေါက်/ပန်းအလှခေါက်ခြင်း အစီအစဉ်များကို ရိုက်ကူး၍ ကျောက်မဲခရိုင် ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် နေ့စဉ်ထုတ်လွှင့် ပေးလျက် ရှိကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)