ဆီဆိုင် ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ အသက် ၁၈ နှစ်နှင့်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းတွင် သီရိရပ်ကွက်၌ ကွင်းဆင်းထိုးနှံပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ဆီဆိုင်မြို့ သီရိရပ်ကွက်ရှိ အသက် ၁၈ နှစ် နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိသည့် ဒေသခံ ပြည်သူ များအား မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ သီရိရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့က ကူညီ ဆောင်ရွက်ပေးခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ရပ်ကွက်/ကျေးရွာ အုပ်စုများအလိုက် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများကဆက်လက် ကွင်းဆင်းထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)