လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၂၀)ရပ်ကွက်တွင် ကုလသမဂ္ဂစားနပ်ရိက္ခာ (WFP) မှာ စတုတ္ထအကြိမ်မြောက် စားနပ်ရိက္ခာထောက်ပံရေး အစီအစဉ် ဆောင်ရွက်

လှိုင်သာယာ(အနောက်) ဇန်နဝါရီ ၁၄

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ စတုတ္ထအကြိမ်မြောက် စားနပ်ရိက္ခာ ထောက်ပံ့ရေး အစီအစဉ်အတွက်၊ အမှတ်(၂၀)ရပ်ကွက် အတွင်းရှိ စားနပ်ရိက္ခာလိုအပ်ချက်ရှိသော အိမ်ထောင်စုများအား မြေပြင်စီစစ်ခြင်းနှင့် ထောက်ပံ့ရန် လိုအပ်သော မိသားစုများအား စားနပ်ရိက္ခာ ထုတ်ယူနိုင်ရန်အတွက် တိုကင်စလစ်ပြားများ အိမ်တိုင်ရာရောက် ထုတ်ပေးခြင်း လုပ်ငန်းကို ယနေ့ (၁၄.၁.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်ခန့်က စတင်၍ (WFP) မှ မြေပြင်ကွင်းဆင်းဝန်ထမ်း ဦးအောင်ကိုကို ဦးစီးသော အင်အား (၅၈)ဦးတို့မှ ဆောင်ရွက်ခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းဦး ဦးစီးသော အင်အား(၃၅)ဦးတို့မှ လုံခြုံရေး လိုက်ပါ ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

ထို့နောက် ကုလသမဂ္ဂစားနပ်ရိက္ခာ (WFP) ၏ စံနှုန်းသတ်မှတ်ချက်များနှင့် ကိုက်ညီသော အိမ်ထောင်စုပေါင်း (၉၆၀၀)အား စားနပ်ရိက္ခာ ထောက်ပံ့ပေးနိုင်ရေးအတွက် ရည်မှန်းချက်ထားရှိ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပြီး၊ အသက်(၅)နှစ်နှင့်အောက်ရှိ ကလေးသူငယ်များအား အာဟာရ သီးခြားပံ့ပိုး ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊  မြေပြင်ကွင်းဆင်းစိစစ်ခြင်းနှင့် တိုကင်စလစ် ပေးအပ်ခြင်းများ ဆောင်ရွက်သွားရန်၊ စားနပ်ရိက္ခာ လိုအပ်ချက်ရှိသော အိမ်ထောင်စုများအား ဆန်ထုတ်ပေးခြင်းများကို တစ်ရက်လျှင် အိမ်ထောင်စု (၂၀၀၀)ခန့် ထုတ်ပေးပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို တာဝန်ရှိသူထံမှာ သိရှိရပါသည်။

ဝေဝေ(ပြန်/ဆက်)