ဒဂုံဆိပ်ကမ်း ဇန်နဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) တွင် ယနေ့နံနက် ၁၀ နာရီအချိန်၌ Youth Club အဖွဲ့နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာ ချစ်ဦးညိုရေးသားသည့် ''တိုးတက်ခြင်း၊ ဆုတ်ယုတ် ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ'' စာအုပ်ပါ အကြောင်းအရာများကို ဒဂုံဆိပ်ကမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ ဦးဆောင်ဆွေးနွေးခဲ့ပြီး Youth Club အသင်းဝင်များမှ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
စာရေးဆရာ ချစ်ဦးညို၏ ''တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှု မျက်နှာစာ'' စာအုပ် တွင် ယနေ့ခေတ်လူငယ်တို့သည် ယဥ်ကျေးမှုနှင့် ဆက်စပ်သော အသိဉာဏ်ပညာယဉ်ကျေးမှု၊ စိတ်ဓာတ်ယဉ်ကျေးမှု၊ စာရိတ္တယဉ်ကျေးမှု ဖွံ့ဖြိုးရန် ကျင့်ကြံရမည့်အချက်များ၊ ရှောင်ရှားရမည့် အချက်များ စသည်ဖြင့်ကဏ္ဍအလိုက် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းအား ရုတ်သိမ်း ခဲ့ကြောင်း သိရသည်။
ဖြိုးစန္ဒာကျော်