ဒဂုံဆိပ်ကမ်း ဇန်နဝါရီ ၁၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ် (၅၈)ရပ်ကွက်၊ အ.မ.က မူလွန်(၈) ကျောင်း၌ ယနေ့နံနက်(၈:၃၀) အချိန်တွင် ပညာရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ အားကစားဆိုင်ရာ ပစ္စည်းများ လှူဒါန်းပွဲကို ကျင်းပခဲ့ကြောင်း သတင်းရ ရှိပါသည်။
ကျောင်းသားလူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ပညာဖွံ့ဖြိုးစေရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့လက်ရွေးစင်ဂိုးသမား ကိုသီဟစည်သူမှ အားကစားဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ပြီး မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ နည်းပြ နည်းစံနစ်မှူး ဒေါ်ဂျူးဂျူးမ မှ ဝူရှူးအားကစားနည်း၊ အေရိုးဗစ် အားကစားနည်းနှင့် Myanmar Fitness dance အားကစားနည်းများကို သရုပ်ပြခဲ့ပြီး ကျောင်းအတွက် ဘောလုံး၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း ကစားရာတွင် လိုအပ်သော အားကစားပစ္စည်းများကို ကျောင်းတွင် လှူဒါန်းခဲ့ကြောင်း သိရပါသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစိုးလွင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နေဝင်းအောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးမာလွင်နှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား/သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး အဆိုပါ အခမ်းအနားမျိုးကို ဒဂုံဆိပ်ကမ်း မြို့နယ် မူလွန်(၂) ကျောင်းနှင့် အ.ထ.က ၅ ကျောင်းများတွင် ကျင်းပပေးရန်ရှိကြောင်း နည်းပြနည်းစံနစ်မှူး ဒေါ်ဂျူးဂျူးမ ထံမှ သိရသည်။
လဲ့လဲ့