ပင်းတယ ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး၊ (ပင်းတယ)၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) အစီအစဉ်အား ပင်းတယမြို့နယ်၊ မီးသတ်ဦးစီးဌာန၊ မြို့နယ် ဒုတိယဦးစီးမှူး ဦးထွန်းထွန်းနိုင်နှင့် Online အသိပညာပေး ဆွေးနွေးခြင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ Talk Show အစီအစဉ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး၊ (ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး (တာဝန်ပေး) ဒေါ်ကြူကြူလှိုင်မှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) အစီအစဉ် ပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ ပင်းတယမြို့နယ်၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဦးထွန်းထွန်းနိုင်မှ မီးသတ်တပ်ဖွဲ့၏ ရည်ရွယ်ချက်များ၊ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ် ကျရောက်ပါက အချိန်နှင့် တစ်ပြေးညီ ကယ်ဆယ်နိုင်ရေးအရေးပေါ်လုပ်ဆောင်ရမည့် သိသင့်သိထိုက်သည့် အခြေခံလိုအပ်ချက်များအား ပြန်လည်ရှင်းလင်းပြောကြား ခဲ့သည်။
ပင်းတယမြို့နယ်၊ မီးသတ်ဦးစီးဌာနအနေဖြင့်၊ ပွင့်လင်းရာသီရောက်သည်နှင့်အညီ မိဘ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေး အတွက် စည်ပင်သာယာ ဈေးအတွင်းရှိ ဈေးဆိုင်ခန်းများ၊ စက်သုံးဆီ အရောင်းဆိုင်များနှင့် စားသောက်ဆိုင်များအား ဌာနဆိုင်ရာ များနှင့် ပူးပေါင်းကာ အလှည့်ကျကွင်းဆင်း စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေးအေးလတ်