စဉ့်ကိုင်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ် (ဒုတိယအကြိမ်) ထိုးနှံပေးပြီးဖြစ်

စဉ့်ကိုင် ဇန်နဝါရီ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး  ထိုးနှံပေးလျက်ရှိရာ ဇန်ဝါရီ (၁၃) ရက်နေ့အထိ First Dose (၅၈၃၁၈) ဦးနှင့် Second Dose (၄၈၉၀၄) ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရ သည်။

ထိုသို့   ကာကွယ်ဆေးများ  ထိုးနှံပေးရာတွင်   မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်    ဒု မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး   ဒေါက်တာသိမ့်အိသူ    (ပြည်သူ့ကျန်းမာ)၊  ပလိပ်တိုက်နယ်ဆေးရုံတွင် ဒေါက်တာသက်ကိုကိုလွင်(ရောဂါ နှိမ်နှင်းရေး)၊ ကျောက်ဆည်တက္ကသိုလ်တွင် ဦးစောအေး (ကျန်းမာရေးမှူး)တို့က ဦးဆောင်၍  ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ်အထွေထွေ  အုပ်ချုပ်ရေးဦးစီးဌာန  မှ    ၀န်ထမ်းများ၊ ပညာရေးဌာနမှ ၀န်ထမ်းများ၊  မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့၀င်များ၊ ပရဟိတအသင်းအဖွဲ့၀င်များ၊  ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ  ကာကွယ်ထိန်းချုပ်  ကုသရေးကော်မတီဥက္ကဋ္ဌ၏  ကြီးကြပ်မှုဖြင့် Omicron အပါအဝင်  ကိုဗစ်-၁၉   မျိုးရိုးဗီဇပြောင်း  ရောဂါပိုးကို သတိပြုကာကွယ်ရန်နှင့် ကူးစက် ပြန့်ပွားမှု မဖြစ် စေရေး၊  ကြိုတင်ကာကွယ်    တားဆီးနိုင်စေရန်နှင့်   ရောဂါ ကူးစက်မှု   လျော့နည်း   စေရေးအတွက် သက်ဆိုင်ရာ   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ  ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ ၀င်များ၊  ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊  ပရဟိတအဖွဲ့ ၀င်များနှင့်ပူးပေါင်းပြီး    ပြည်သူများသိရှိ လိုက်နာစေရန်၊   အသံချဲ့စက်များ၊ HandSpaker များဖြင့်     လှည့်လည်ပြီး   အသိပညာပေး    နှိုးဆော ်ခြင်း၊ ရပ်ကွက် / ကျေးရွာများအတွင်း ပိုးသတ်ဆေး များ  ဖြန်းပေးခြင်း၊  ဒေသန္တာရ စည်းကမ်း ချက်များ၊ ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များ အတိုင်း လိုက်နာမှုရှိ/မရှိ   စစ်ဆေးခြင်း အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ရှိသူများကိုလည်း မြို့နယ်ပြည်သူ့  ကျန်းမာရေး ဦးစီးဌာနက  ဆက်လက်ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ညိုညိုဝင်း (ပြန်/ဆက်)