ရေးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် "အနာဂတ်ကိုမျှော်တွေးပါ" စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်

ရေး  ဇန်နဝါရီ  ၁၄

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာ နတ်သျှင်ရွှေဂူ ရေးသားထားသည့် "အနာဂတ်ကို မျှော်တွေးပါ" စာအုပ်အား ယမန်နေ့မွန်းလွဲ ၁ နာရီ ရေးမြို့နယ်အမျိုးသမီးများအဖွဲ့ ( Women Club) ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သိမ့်သိမ့်ရည် က အမျိုးသမီးလူငယ်များအနေဖြင့် ဗဟုသုတများ တိုးပွားလာရေးအတွက် စာအုပ်ပေများကို ဖတ်ရှုသင့်ကြောင်း၊  စာအုပ်စာပေဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတများ တိုးပွားလာပြီး မိမိတို့၏ အနာဂတ်ရည်ရွယ်ချက် ရည်မှန်းချက်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် အမျိုးသမီးတို့ဘဝ အလှပန်းများ ပန်ဆင်နိုင်ကြစေရန် ရည်ရွယ်၍ ယခုလို စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် Women Club အဖွဲ့ဝင် မရည်ရည်မွန် က အနာဂတ်ကိုမျှော်တွေးပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဝင့်သဥ္ဇာလင်းမှ ကျေးဇူးတင်တက်ဖို့ လိုပါတယ် ခေါင်းစဉ်များဖြင့် အသီးသီးပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခင်သိမ့်သိမ့်ရည်