မိုင်းငေါ့ မြို့တွင် အသိပညာပေး အစီအစဉ်များကို Online မှ တင်ဆက်ပေးလျက်ရှိ

မိုင်းငေါ့ စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောပ်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကာလအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး အစီအစဉ်များကို  Onlineမှတစ်ဆင့်  ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းငေါ့မြို့အတွင်းရှိ ကျောင်းနေအရွယ်ကလေးများ ဉာဏ်ရည်၊ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်လာစေရန် ကိုယ်ရည်ကိုယ်သွေး ထက်မြက်လာစေရန်၊ အသိပညာဗဟုသုတများ တိုးလာစေရန်အတွက် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း  ၊အရုပ်ခေါက်ခြင်း၊ ဆေးရောင်းခြယ်သခြင်းစသည် တို့ကိုလည်းကောင်း ၊စာဖတ်ပရိတ်သတ်များအတွက် သုတ/ရသ စာအုပ်များဖြင့် စာအုပ်မိတ်ဆက်ခြင်းစသည့် အသိပညာပေး အစီအစဉ်များကို ရိုက်ကူးတင်ဆက်ပေးလျက်ရှိသည်။

ယနေ့တွင် အငယ်တန်းစာရေး ဒေါ်ခိုင်နှင်းဆီမှ “ဆူးရဲကြိုက်တဲ့မှိုလေးများ” ကဗျာစာအုပ်ဖြင့် ကဗျာရွတ်ဆိုခြင်း အစီအစဉ်ကို Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်ပေးခဲ့ကြောင်း သိရသည်။

မြင့်သွယ်(ပြန်/ဆက်)