ချောင်းဆုံ ဇန်နဝါရီ ၁၄
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် လူငယ်များစာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရုံး(Community Center) ခန်းမတွင် ယမန်နေ့ နံနက်၁၀နာရီက"လူငယ်နှင့်အပြောင်းအလဲ" စာအုပ်ဖြင့်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်တင်ဇာစိုးကစာအုပ်ဖတ်ရှုခြင်း ဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ လူငယ်များအနေဖြင့် စာဖတ်ခြင်းဖြင့် အလေ့အကျင့် ကောင်းများ ရရှိလာနိုင်မည်ဖြစ်ကြောင်း စာအုပ်ပါအကြောင်းအရာများ ကိုပြောကြားသည်။ယင်းနောက် မောင်မင်းစိုးရေးသားသည့် "လူငယ်နှင့်အပြောင်းအလဲ" စာအုပ်တွင် ရေးသားထားသည့် ကောင်းနိုးရာရာများကို မောင်ကောင်းခန့်ကျော်၊ မေရတီမိုး၊ မစုပြည့်ရတနာတို့က ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)