လမိုင်း ဇန်နဝါရီ ၁၃
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ လမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် မြို့ဦးစီးမှူး ဒေါ်ဖြူဖြူအေးနှင့် ဝန်ထမ်းများသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အွန်လိုင်းမှတဆင့် အသိပညာပေးလုပ်ငန်းများ နေ့စဉ် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် စာကြည့်တိုက်သို့မလာရောက်နိုင်သည့် စာဖတ်ပရိသတ်ပြည်သူ များနှင့် ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတရရှိစေရန် စိတ်အပန်းဖြေပျော်ရွှင်စေရန် ရည်ရွယ်၍ အွန်လိုင်းမှတဆင့် သုတ၊ ရသ၊ စာအုပ်စာစောင် မိတ်ဆက်ခြင်း အစီအစဉ် ဆေးရောင်ခြယ်အစီအစဉ်၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆိုခြင်း၊ ရောင်စုံစက္ကူလေးများဖြင့် အရုပ်ခေါက် ပန်းအလှခေါက်ခြင်းစသည့်အစီအစဉ်များ ရိုက်ကူး လျက် လမိုင်းမြို့ပြည်သူ့စာကြည့်တိုက် Facebook Page မှတဆင့် နေ့စဉ်လွှင့်တင် ဆောင်ရွက်ပေးကြောင်းသိရသည်။
ဖြူဖြူအေး(ပြန်/ဆက်)