သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများဆက်လက်ထိုးနှံပေးလျက်ရှိ

သာစည် ဇန်နဝါရီ  ၁၄

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးပဉ္စမအသုတ် ဒုတိယ အကြိမ် ကာကွယ်ဆေး  Sinopharm  များကို ယနေ့နံနက် ၉ နာရီက မြို့နယ်အားကစားကွင်း၌ ဆေးထိုးစုရပ်ထားကာ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

ပဉ္စမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို မြို့နယ်ပြည်သူ့ဆေးရုံတွင်   ဆေးထိုး စုရပ်ထားကာ ထိုးနှံပေးခဲ့သော မြို့ပေါ်ရပ်ကွက် ၇ ရပ်ကွက်နှင့် ဘိုကုန်း၊ မင်းလှ၊ မြင်းကွက်၊ ရွာကြီး၊ ကုက္ကိုစုနှင့် ကပ်ကျေးအင်းကျေးရွာအုပ်စုများမှ ပြည်သူများအား ထိုးနှံပေးခြင်း ဖြစ် ကြောင်းသိရသည်။

သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကကွယ်ဆေးကို ၂၀၂၁ ခုနှစ် ဇူလိုင် ၃၁ ရက်မှစ၍ ဦးတည် အုပ်စုအလိုက် ထိုးနှံပေးခဲ့ရာ ယခုနှစ် ဇန်နဝါရီ ၁၃ ရက်အထိ   Sinopharm  ပထမအကြိမ် ထိုးနှံပြီးသူ ၆၂၈၆၉ ဦး ဒုတိယအကြိမ် ထိုးနှံပြီးသူ  ၅၁၈၄၅  ဦးနှင့် Sonovac ပထမအကြိမ် ထိုးနှံပြီး သူ  ၁၇၇၀၀  ဦး ဒုတိယအကြိမ် ထိုးနှံပြီးသူ  ၁၆၄၈၅  ဦးရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)