မွန်ပြည်နယ်ဝန်ကြီးချုပ်မြန်မာ့သိုင်းပြိုင်ပွဲဆုပေးပွဲတက်ရောက်ချီးမြှင့်ပေး

မော်လမြိုင် ဇန်နဝါရီ ၁၄

မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ် အသက် (၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး   မြန်မာ့သိုင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို  ယမန်နေ့မွန်းလွဲ၂နာရီက    မော်လမြိုင်မြို့ ဖက်တန်းရပ်၊ ပြည်နယ်အားကစားခန်းမတွင် ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊  ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်  ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

ရှေးဦးစွာပြိုင်ပွဲဝင် အမျိုးသား၊ အမျိုးသမီးတစ်ဦးချင်းအလိုက်နှင့်  အုပ်စုအသင်းအလိုက် ဆုရရှိသူ များက မြန်မာ့သိုင်းပညာရပ်များကို သရုပ်ပြသပေးပြီး  အမျိုးသား၊  အမျိုးသမီးတစ်ဦးချင်း ဓားတစ်လက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊  အမျိုးသား၊ အမျိုးသမီးအသင်းလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် အမျိုးသား၊ အမျိုးသမီးစုပေါင်းတံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က ဆုတံဆိပ်နှင့် ငွေသားဆုများကို အသီးသီးချီးမြှင့်ပေးကြသည်။

 မွန်ပြည်နယ်တွင်   မြန်မာ့သိုင်းအားကစားနည်းဖြင့်    အရည်အချင်းရှိသည့်    လက်ရွေးစင်အားကစားသမားကောင်းများ    အဆင့်အတန်းမီစွာ    ပေါ်ထွက်လာစေရေးအတွက်   "မြန်မာတိုင်းသိုင်းတတ်ရမည်"ဆိုသည့်    ဆိုရိုးစကားနှင့်အညီ မြန်မာ့ရိုးရာ အခြေခံသိုင်းပညာအား   နိုင်ငံတော်အားကစားအဖြစ်သတ်မှတ်၍   ကျယ်ကျယ်ပြန့်ပြန့် လေ့ကျင့်သင်ကြားပေးရာတွင်     နိုင်ငံတော်၏အနာဂတ်တာဝန်များ ပခုံးပြောင်းတာဝန်ယူမည့် လူငယ်၊ လူရွယ်များ ကျန်းမာကြံ့ခိုင်မှု၊ အရည်အချင်းပြည့်ဝမှုနှင့် စိတ်ဓာတ်ရေးရာမြင့်မားမှု ဘက်စုံ၊ထောင့်စုံမှအရည်အသွေး မြှင့်တင်ပေး ရန်လိုအပ်သကဲ့သို့ အားကစားသမားများ၏ ဇွဲ၊ စိတ်ဓာတ်၊ လုံ့လဖြင့် ယှဉ်ပြိုင်ခြင်းသည်  ကာယစွမ်းပကားသာမက စိတ်ဓာတ်စွမ်းပကာမြှင့်တင်ပေးသဖြင် အားကစားကဏ္ဍမြှင့်မားရေးအတွက်  ပြည်နယ်အစိုးရအဖွဲ့မှ လူငယ်နှင့်  အားကစားကဏ္ဍအလိုက် အထူးအလေးပေး   ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ဇာဖြူဝင်း(ပြန်/ဆက်)