မန္တလေး ဇန်နဝါရီ ၁၄
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်းအမှတ်(၃၂)တို့ ပူးပေါင်း၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
လူငယ်မောင်မယ်များ စာပေဖတ်ရှုသည့် အလေ့အထရှင်သန်စေရန်၊ စာပေမှရရှိသော အသိအမြင် ဖြင့် အမှားအမှန်ဝေဖန် ပိုင်းခြားတတ်စေရန်၊ စာပေကို ဖတ်ရှုရုံသာမက ပြန်လည်မှတ်သားပြီး အစီ အစဉ်တကျ ပြန်လည် ဆွေးနွေးတတ်စေရန်၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပပေးခြင်းအားဖြင့် လူငယ်မောင်မယ်များစာပေဖတ်ရှုပြီး ပြန်လည်ဆွေးနွေးပြောဆိုနိုင်ရန်အတွက် စာကြည့်တိုက်များ ကို စနစ်တကျအသုံးချတတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပပေးခြင်းဖြစ်ကြောင်း ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်သန်းက ပြောကြား သည်။
အဆိုပါပြိုင်ပွဲသို့ မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ အ.ထ.က(၃၂)ကျောင်းမှ ဆရာ/မများ၊ ပြိုင်ပွဲဝင်ကျောင်းသား /သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)