တကောင်းမြို့ရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

တကောင်း   ဇန်နဝါရီ   ၁၄

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ရှိ ဒေသခံ ပြည်သူများ၊ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုင်ဆောင် နိုင်စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဉီးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နှင့် (၁၃) ရက်နေ့တို့တွင် အမှတ်(၁)ရပ်ကွက်ရှိ သီရိဇေယျာခန်းမ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ လ.ဝ.ကမှူး ဦးဖုန်းဇော်ဝင်းနှင့် ဝန်ထမ်းများက တကောင်းမြို့ အမှတ် (၁)ရပ်ကွက်ရှိ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ဥပဒေနှင့် အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ  နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်လျှောက်ထားသူ (၇၀)ဦး၊ အပျောက်လျှောက်ထားသူ(၃၇)ဦး၊ အသက်ပြည့်လဲလှယ်သူ(၈)ဦး၊ အိမ်ထောင်စုလူဦးရေစာရင်းပြု လုပ်သူ (၁၅)ဦးတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

သီရိအောင် (တကောင်း)