တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား တတိယအသုတ်ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

တောင်သာ ဇန်နဝါရီ  ၁၄

မန္တလေးတိုင်းဒေသကြီး   မြင်းခြံခရိုင်  တောင်သာမြို့နယ်အတွင်း၌   အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား  တတိယအသုတ်  ပထမအကြိမ်   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို  ယနေ့ နံနက်(၉)နာရီအချိန်က စတင်၍  တောင်သာ အ.ထ.က ကျောင်း  နဝရတ်ခန်းမနှင့်စုရပ်(၃)နေရာအားထိုးနှံပေး လျက်ရှိကြောင်းသိရသည်။

ထိုသို့   တတိယအသုတ်   ဒုတိယအကြိမ်အဖြစ်   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးအလုံး(၁၁၁၀)၊ လူဦးရေပေါင်း(၅၅၄၆)ဦးကို စတင်ထိုးနှံပေးခြင်းအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးဟန်သူရနှင့်  ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 အဆိုပါ တောင်သာ(အထက)ကျောင်းတွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား တတိယအသုတ် ပထမအကြိမ်အဖြစ်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန်နှင့်အခြား ကျန်ရှိနေသူများကိုလည်း ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ဦးစားပေးအလိုက်   နေ့စဉ်ဆက်လက် ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)