မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လှုပ်ရှားမှုပြုလုပ်

မိုးနဲ   ဇန်နဝါရီ   ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၊ ကျန်းမာရေး၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊  ပရဟိတ လူမှုကူညီရေးအသင်း စသည့် စေတနာ့ ဝန်ထမ်းများ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးလှုပ်ရှားမှုကို ယနေ့ နံနက် ၈ နာရီက မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ်၌ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက် လိုက်နာရန် သတိပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် တစ်ဦးနှင့် တစ်ဦးအချင်းချင်း အသိပေး/သတိပေး ပြောကြားရမည့်အချက်များ၊ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေရန် သတိပေးခြင်း၊ သက်ကြီးရွယ်အိုများအတွက် သတိထားပေးပါ၊ နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေပါ၊ သင့်မိသားစုကျန်းမာရေး စနစ်တကျ လက်ဆေးပေး၊ အပြင်ထွက်တိုင်း နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးပြီး နှာခေါင်းစည်း တပ်ဆင်ထားခြင်း မရှိသူများကို နှာခေါင်းစည်းများ တပ်ဆင်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များကို အခမဲ့ ဝေငှပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)