ရန်ကုန် ဇန်နဝါရီ ၁၃
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ မြို့နယ်စည်ပင်သာယာရေး၊ မြို့ပြနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဝန်ထမ်းများစုပေါင်း၍ ပြည်လမ်းနှင့် တစ်လျှောက်ရှိ လမ်းသားမြေပိုများအား သန့်ရှင်းသာယာလှပစေရေး အတွက် စုပေါင်းအဖွဲ့ဖြင့် ရှင်းလင်းဆောင်ရွက်ပေးလျက် ရှိပါသည်။
အလားတူ မြို့နယ်အတွင်းရှိ အဓိကလမ်းမကြီးများဖြစ်သည့် အင်းစိန်လမ်းမကြီး၊ တက္ကသိုလ်ရိပ်သာလမ်း၊ နာနတ်တောလမ်း၊ ဗဟိုလမ်း၊ ဘုရင့်နောင်လမ်းမကြီးနှင့် လှည်တန်းလမ်းမကြီးပေါ်ရှိ လမ်းသားမြေပိုများကိုလည်း ရှင်းလင်းပေးခြင်း၊ ခြံစည်းရိုးနှင့် ပလက်ဖောင်းကြား အမှိုက်များနှင့် လျှပ်စစ်ကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်ကြီးများ၏ အကိုင်းအခက်များကို ရှင်းလင်းခြင်း၊ အများပြည်သူများ သွားလာရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် စိတ်ကြည်လင်မှု ရရှိစေရန်အတွက် မြို့နယ်တွင်း သန့်ရှင်းလှပစေရေးကို မြို့နယ်တွင်းရှိ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းဌာန ဝန်ထမ်းများမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိမ်းလဲ့ (ပြန်/ဆက်)