မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်၊စာစောင်များ လေ့လာဖတ်ရှုနိုင်ရန် Mobile Library ကွင်းဆင်းဆောင်ရွက်

မာန်အောင်  ဇန်နဝါရီ ၁၃

ရခိုင်ပြည်နယ်  မာန်အောင်မြို့  ရန်အောင်မြင်ရပ်ကွက် အခြေခံပညာမူ တန်းကျောင်းတွင် ပညာသင်ကြားလျှက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာပေများလေ့လာဖတ်ရှုပြီး အသိဉာဏ်ပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်ရည်ရွယ်၍ ယနေ့ မွန်းလွဲ၁နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှဝန်ထမ်းများက အဆိုပါကျောင်းသို့သွားရောက်ပြီး Mobile Library ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ရာတွင် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန် ထမ်းများက Mobile Library ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊ တေဇ၊ မဂ္ဂဇင်း စသည့်စာအုပ်ပေါင်း၁၀၀ကျော် ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ၎င်းကျောင်းအတွင်းရှိ  ဆရာ/ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများက စိတ်အားထက်သန် ပျော်ရွှင်စွာဖြင့် ငှားရမ်းဖတ်ရှုခဲ့ကြကြောင်းသိရသည်။

သိန်းဖေ(ပြန်/ဆက်)