လင်းခေး ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် “ပန်းခင်း”စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း စစ်ဆေးထုတ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် အသိပညာပေး ဟောပြောခြင်း လုပ်ငန်းများကို (၁၂-၁-၂၀၂၂)ရက်နေ့က လင်းခေးမြို့နယ်၊နောင်လုံကျေးရွာအုပ်စု၊ ကျေးရွာ(၉)ရွာရှိစုရပ် အသီးသီး၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြကြောင်းသိရသည်။
ယင်းသို့ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် မြို့နယ်ဦးစီးဌာနမှူးရုံးမှလူ ဝင်မှုကြီးကြပ်ရေးမှူး ဦးစိုင်းသန်းကျော်က “ပန်းခင်း” စီမံချက်ဆိုင်ရာများအကြောင်းကို ကျေးရွာအုပ်စုနေ ပြည်သူများအား အသိပညာပေး ဟောပြောပေးခဲ့ပါသည်။ ဆက်လက်ပြီးအဆိုပါစီမံချက် လုပ်ငန်းလက်ကမ်းစာစောင်များအား ကျေးရွာအုပ်စုရှိ အများပြည်သူတို့လက်ဝယ်အ ရောက်ဖြန့်ဝေပေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြပါသည်။
ဆက်လက်၍ ကျေးရွာအုပ်စုရှိ၊ အသက် ၁၈ နှစ်အထက်နိုင်ငံသား စိစစ်ရေးကတ်ပြုလုပ်ရန် လိုအပ်သောရွာသူရွာသားများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများနေ့ချင်းပြီး (Onestop Service)ဖြင့် ကျေးရွာအုပ်စုပြည်သူ(၉၅)ဦးတို့ကို နိုင်ငံသားကတ်ပြား(၉၅) ကတ်ဆောင်ရွက်ပေးခဲ့ပြီး၊ အိမ်ထောင်စုလူဦးရေစာရင်းများ စစ်ဆေးပေးခြင်းနှင့် အသစ်(၁၄)စောင်အား ကျေးရွာအုပ်စု ပြည်သူတို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်းနှင့် ဆောင်ရွက်ပေးပြီးခဲ့သောနိုင်ငံသားကတ်ပြားများနှင့်အိမ် ထောင်စုလူဦးရေ စာရင်းများကို (၁၁-၁-၂၀၂၂) ရက်နေ့မှ (၁၂-၁-၂၀၂၂) ထိ ၂ ရက်တာ ကွင်းဆင်းဆောင် ရွက်ပေးခဲ့ကြခြင်း ဖြစ်ပါကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးမှူး ဦးစိုင်းသန်းကျော်ထံမှ သိရသည်။
စိုင်းဇော်လတ်(လင်းခေး)