မိုင်းဆတ် ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ဘောလုံးပစ်ပြိုင်ပွဲကို ယနေ့မွန်းတည့်(၁၂)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်ပေါ့ပါးပျော်ရွှင်စေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှု ရရှိစေရန်နှင့် အဖွဲ့အစည်းအတွင်း ပူးပေါင်းပါဝင်တတ်သည့် အလေ့အကျင့်ရရှိစေရန်ရည်ရွယ်၍ ဘောလုံးပစ်ပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပြီး ပြိုင်ပွဲသို့ အ.ထ.က မိုင်းဆတ်မှ ကျောင်းသား၊ ကျောင်းသူများ လာရောက်ယှဉ်ပြိုင်ကစားခဲ့ကြောင်းသိရသည်။
အဆိုပါ ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်များ အသိပညာ ဗဟုသုတရရှိစေရန် မိုင်းဆတ်ခရိုင်ပြည်သူ့စာကြည့်တိုက် Facebook Page စာမျက်နှာမှ စာအုပ်မိတ်ဆက်ခြင်း၊ စက္ကူအရုပ်ခေါက်ပြခြင်း၊ ပုံပြင်ပြောပြခြင်းအစီအစဉ်များကို နေ့စဉ်လွှင့်တင် ပေးလျက်ရှိကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)