ဇမ္ဗူသီရိ ဇန်နဝါရီ ၁၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ မွန်းလွဲ (၁)နာရီက “မိန်းကလေးများ အလေးထား စဉ်းစားဆင်ခြင်ပါ အသိပညာပေး” Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးက “မိန်းကလေးများ အလေးထား စဉ်းစားဆင်ခြင်ပါ အသိပညာပေး” Talk Show ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး စာပေဗိမာန်စာမူဆုရ စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်) က မြန်မာ မိန်းကလေးများ အနေဖြင့် ခံယူသင့်သည့် စိတ်နေစိတ်ထားများ၊ ပညာသင်ကြားချိန်တွင် ထားရှိသင့်သည့် စိတ်ထားများ၊ မြန်မာ့ယဉ်ကျေးမှုနှင့် ပတ်သက်၍ မြန်မာမိန်းကလေးများ ခံယူရမည့် စိတ်ထားများနှင့် မိန်းကလေးများ အလုပ်လုပ်သင့်ပါသလား စသည့် အကြောင်းအရာများကို မြန်မာမိန်းကလေးများ အသိပညာ ဗဟုသုတ ရရှိစေရန် အလို့ငှာ အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)