ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ် နှင့် အထက် ဦးတည်အုပ်စုပြည်သူများအား ကိုဗစ် ၁၉ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ဒုတိယအကြိမ် စတင်ထိုးနှံ

ပေါက်တော     ဇန်နဝါရီ   ၁၃

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ဒုတိယအကြိမ်စတင်ထိုးနှံပေးခြင်းကို ပေါက်တောမြို့ပေါ် မြို့နယ်သာသနာ့ဗိမာန် နှင့် မြို့နယ် ထွေ/အုပ်ခန်းမအပါအဝင် ကျေးလက်ကျန်းမာရေးဌာနစုရပ် (၁၈)နေရာတို့တွင် ယနေ့နံနက် (၉)နာရီက စတင်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာစုရပ်များသို့ ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ လာရောက်ကြည့် ရှုကြသည်။ ကာကွယ်ဆေးထိုးနှံခြင်းများအား စနစ်တကျကာ ကွယ်ဆေးထိုး နိုင်စေရန် ဌာနဆိုင်ရာများ၊ မြို့နယ်ကြက် ခြေနီ တပ်ဖွဲ့ဝင်များနှင့် စေတနာရှင်များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကိုကိုအောင်ကြီးကြပ်မှုဖြင့်  မြို့နယ်ကျန်းမာရေးဝန်ထမ်းများကကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပမာဏ တိုင်းတာ ပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကိုပြုလုပ်ဆောင်ရွက်ပေးကြပြီး ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးကြ သည်။ ကာကွယ်ဆေး ထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် အဖွဲ့ဝင်များက ဆေးထိုးနှံပြီး ခဲ့သော်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် ရှောင်ရန် ၊ဆောင်ရန်အချက် အလက်များကို အလေးအနက် ထားဆောင်ရွက်ကြပြီး မိမိကအစကာကွယ်ကြစေလိုကြောင်း  ကိုဗစ် -၁၉ ရောဂါဖြစ်ပွားနေဆဲ ကာလအတွင်း စီးပွားရေး၊ လူမှုရေးများအခက်အခဲ ရှိခဲ့ကြသော်လည်း စိတ်ဓါတ်မကျကြစေလိုကြောင်း အားပေးစကားများ ပြောကြား ခဲ့ကြကြောင်းသိရှိရသည်။

ကျော်သန်း(မြို့နယ် ပြန်/ဆက်)