မင်းပြားမြို့ပြည်တော်လှရပ်ကွက်ရှိနေအိမ်များအားမီးဘေးကြိုတင်ကာကွယ်ရေးကွင်းဆင်း ဆောင်ရွက်

မင်းပြား ဇန်နဝါရီ ၁၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် ပြည်တော်လှရပ်ကွက်ရှိနေအိမ်များအား မီးဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို  ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ယခုအချိန်သည် ပူပြင်းခြောက်သွေသည့်နွေရာသီသို့ရောက်ရှိလာပြီဖြစ်၍ မီးဘေးကြိုတင်ကာ ကွယ်နိုင်ရန်အတွက် ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မင်းပြားမြို့နယ်မီးသတ်ဦးစီးဌာနမှ  ဒုတိယဦးစီးမှူး ဦးဇော်ရဲအောင်နှင့်ဝန်ထမ်းများက  ပြည်တော်လှရပ်ကွက်ရှိနေ အိမ်များအား မီးဘေးကင်းဝေးစေရန်အတွက် မီးကိုစနစ်တကျအသုံးပြုတတ်စေရန်၊  လောင်စာ ဆီများ၊  အမှိုက်များကိုစနစ်တကျစွန့်ပစ်စေရန်၊ဆေးလိပ်သောက်ခြင်း၊ဖယောင်းတိုင်မီး၊  လျှပ်စစ် မီးများ စနစ်တကျကိုင်တွယ်သုံးစွဲရန်  အသိပညာပေးပြောကြားခြင်း၊  မီးသတ်ဆေးဗူးများ  ကြိုတင် ကာကွယ်ထားရှိခြင်း၊ မီးသတိပေးဆိုင်ဘုတ်များအားချိတ်ဆွဲခြင်း၊  မီးသတ်လှေကား၊ မီးသတ်ချိတ်များ၊ ရေအိတ်၊ သဲအိတ်များထားရှိခြင်းစသည့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သိန်းနုအောင်