လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အမှတ် (၂၀) ရပ်ကွက်အတွင်းရှိ အသက် (၈၅) နှစ် အထက် သက်ကြီးဘိုးဘွားများ လူမှုရေးပင်စင်ထောက်ပံ့

လှိုင်သာယာ(အနောက်ပိုင်း) ဇန်နဝါရီ ၁၃

ရန်ကုန်‌ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အတွင်းရှိ အမှတ်(၂၀) ရပ်ကွက်ရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေး ပင်စင်ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက အမှတ်(၂၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးများက ထောက်ပံ့ငွေ များကို အဘိုး၊ အဘွားများ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့သည်။

ထိုသို့ ထောက်ပံ့ငွေပေးအပ်ရာတွင် အသက်( ၈၅) နှစ်နှင့်အထက် သက်ကြီးအဘိုး (၂၀) ဦးနှင့် အဘွား (၄၃) ဦးတို့အတွက် နိုင်ငံတော်မှ တစ်လလျှင်ငွေကျပ် (၁၀၀၀၀) နှုန်းဖြင့် သုံးလ တစ်ကြိမ် ထောက်ပံ့ပေးခြင်းဖြစ်ပြီး အမှတ်(၂၀)ရပ်ကွက်ရှိအသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၆၃) ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀) နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၁၈၉၀၀၀၀) ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဝေဝေ(ပြန်/ဆက်)