ပုဏ္ဏားကျွန်း ဇန်နဝါရီ ၁၃
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမြင့် ဦးဆောင်သော ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစီစစ်ရေးကတ်ပြားများ ရရှိနိုင်ရေးအတွက် ယနေ့၊ နံနက်(၁၀) နာရီ က ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်၊ ဘက်စုံသုံးစာကြည့်တိုက်ခန်းမ၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးနေမှု အခြေအနေများကို စစ်တွေခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်စိန်နှင့်အဖွဲ့ လာရောက်ကြည့်ရှုအား ပေးခဲ့ကြပြီး၊ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၄)ရပ် ဖြင့် နိုင်ငံသားတိုင်း အိမ်ထောင်စု လူဦးရေ စာရင်းနှင့်ကိုင် ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ရရှိနိုင်ရေးတို့အတွက် ဆောင်ရွက်ပေး နေမှုတို့နှင့် ပတ်သက်၍ ခရိုင်ဦးစီးမှူး ဦးမြင့်စိန်က ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပုဏ္ဏားကျွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမြင့်နှင့် ဝန်ထမ်းများက နိုင်ငံသားစီစစ်ရေး ကတ်ပြားကိုင် ဆောင်ခြင်း မရှိသေးသော အသက်(၁၈) နှစ်နှင့် အထက်ရှိ ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်နေ ဒေသခံပြည်သူ၁၀၆ ဦးတို့အတွက် အိမ်ထောင်စု လူဦးရေ စာရင်းနှင့်နိုင်ငံသား စီစစ်ရေးကတ်ပြားများအား အမြန်ဆုံး ကိုင်ဆောင်ခွင့်ရရှိနိုင်ရေး စီစစ်ဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။
နီထွန်းအောင်(ပြန်/ဆက်)