အမ်းမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညိှနှိုင်း အစည်းအဝေးပြုလုပ်

အမ်း  ဇန်နဝါရီ   ၁၃

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။

လုပ်ငန်းညှိနိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေးအတွက် အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေအေးမှ ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်း စီမံချက်များအား ရှင်းလင်းဆွေးနွေး တင်ပြခဲ့သည်။

ထို့နောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းဆပ်ကော်မတီများတွင် ပါဝင်သည့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက အခမ်းအနားပြင်ဆင်ရေး၊ ဘဏ္ဍာငွေရှာဖွေရေး၊ အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲကျင်းပရေး၊ လုံခြုံရေး၊ ကျန်မာရေးပြုစု စောင့်ရှောက်ရေး၊ ပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေးလုပ်ငန်းများအား တင်ပြဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်က ဆွေးနွေးမှုများအပေါ် လိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်းသိရှိသည်။

စိုးမင်းထွန်း