စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းအား ယနေ့မွန်းလွဲပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်က စာဖတ်ဝိုင်းကျင်းပခြင်းသည် အကျိုးကျေးဇူးများစွာရှိကြောင်းနှင့် စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတပြည့်ဝစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ကြောင်း ပြောကြားခဲ့ပြီး ဇေယျာသီရိမြို့နယ်၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း  (Book    Club)   အဖွဲ့ဝင်ဖြစ်သည့် ဦးဇော်မင်းထိုက်က ဦးဆောင်၍ စာရေးဆရာ နတ်သျှင်(ရွှေဂူ) ရေးသားသော “လူငယ်များကို ပျိုးထောင်ပေးပါ” စာအုပ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး တက်ရောက် လာသည့် စာပေဝါသနာရှင်များ၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားပေးခဲ့သည်။

ဆွေးနွေးပွဲသို့ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေ ချစ်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)