မုဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် “ကျွန်မစာတတ်ချင်သည်” စာအုပ်ဖြင့် စာဖတ် ဝိုင်းပြုလုပ်

မုဒုံ    ဇန်နဝါရီ     ၁၃

မွန်ပြည်နယ်  မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေ ပြုဗဟိုဌာန ( Community Center )တွင် စာရေးဆရာ မောင်မောင်ညွန်လှိုင်  ရေးသား ထားသည့်ကျွန်မစာတတ်ချင်သည်စာအုပ်ဖြင့် ယနေ့ နံနက် ၁၀ နာရီက စာပေချစ် မြတ်နိုးသူများအသင်း (Book Club)အသင်းအဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ပြုလုပ်သည်။

ရှေးဦးစွာ မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေချစ်မြတ်နိုးသူများ အချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးသည့် အလေ့အထများရရှိစေရန်နှင့် လူငယ်လူရွယ်များ အသိပညာဗဟုသုတများ ပိုမိုတိုးပွားလာစေရန်အတွက် စာဖတ်ဝိုင်းကို ပြုလုပ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်ကြသည့် (Book Club)အသင်းဝင် မခင်လေးနွယ်ကဘာကြောင့် အချိန်ဖြုန်း နေရတာလဲ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မသဇင်မြင့်မှ နှိုင်းနှိုင်းဆဆ ပြောဆိုပါခေါင်းစဉ်ဖြင့်လည်းကောင်း စာပေဝါဒနာရှင်များနှင့် အတူ ဆွေနွေး ခဲ့ကြကြောင်း သိရသည်။

အောင်မျိုးသူ