ကာလိ ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ ဟိုပန်ကျေးရွာအုပ်စု၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းစိုးစိုးလွင်၊ မြို့ဦးစီးမှူး ဦးစိုင်းထွန်းဆာနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်တွင် ဟိုပန်ခန်းမ၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးရာတွင် အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသား စိစစ်ရေး ကတ်ပြားမရှိသည့် ပြည်သူများ (၁၀၀)ဦးခန့် တို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို အခမဲ့ဆောင်ရွက်ခဲ့ပြီး ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုတွင် ဟိုပန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းအုန်းပွင့်နှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အုပ်စုစာရေး ဦးဝေလင်းထွန်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများတို့က လိုအပ်သည်များကို ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကျော်