ဟိုပန် ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထု အခြေပြုဗဟိုဌာနရှိ (Community Center) ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က ကျန်းမာရေး ဆိုင်ရာ အသိပညာပေးသုတ စာအုပ်များဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဉီးစီးအရာရှိ ဒေါ်ဇင်ဇင်သန့်က စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ် ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ မြင်းခြံကျော်အောင် ၏ " ကျန်းမာချမ်းသာ အောင် ဘယ်လိုလုပ်မလဲ " စာအုပ်မှ ကျန်းမာခြင်းအစ အစာစားခြင်းက ဆိုသည့် ခေါင်းစဉ်ဖြင့် ဖတ်ကြားဆွေးနွေးခဲ့သည်။
ဆက်လက်၍ ဟိုပန်မြို့ရှိ စာပေဝါသနာရှင်များဖြစ်ကြသည့် မအိသဉ္ဇာဖြိုးက စာရေးဆရာ ကြည်လွင်မြင့် (မုဒြာ) ရေးသား ထားသည့်"လေမဖြတ်အောင်အစားရှောင်" ဆိုသည့် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မထက်ထက်ဝေက စာရေးဆရာ ပေါက်ပေါက် ရေးသားထားသည့် "ကင်ဆာဘေး ဝေးကြစေ" စာအုပ်မှကင်ဆာဆဲလ်များကို နှိမ်နင်းပေးနိုင်သော အစားအစာများဆိုသည့် ခေါင်းစဉ်ဖြင့်လည်းကောင်းစသည့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးသုတစာအုပ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရှိ ရသည်။