ကျောက်ဆည်မြို့နယ် သပြေတောကျေးရွာတွင်(VDP)စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်မှု ရာနှုန်းပြည့်ပြီးစီး

ကျောက်ဆည် ဇန်နဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်သူများ လူနေမှုဘဝမြင့်မားစေရေးအတွက် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ပုထိုနီကျေးရွာအုပ်စု ၊သပြေတော ကျေးရွာတွင် (VDP) စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရာ လုပ်ငန်းများ ရာခိုင်နှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း  သိရှိရသည်။

ကွန်ကရစ်လမ်းများခင်းရာတွင် လမ်းအရည်အသွေး ပြည့်မီစေရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးနှင့် ဦးစီးအရာရှိ ဒေါ်ဌေးရီ (နည်းပညာ)တို့မှ အနီးကပ်ကြပ်ကြီးမှုဖြင့် ကျေးရွာလမ်းကော်မတီဦးဆောင်၍ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၁၀၀)  ပြည်သူထည့်ဝင်ငွေ၊ လုပ်အားနှင့်ပစ္စည်းတန်းဖိုးငွေကျပ်(၅၈၆၉၀၀၀)၊ စုစုပေါင်း ငွေကျပ်(၁၅၈၆၉၀၀၀) အကုန်အကျခံကာအရှည်(၇၃၅)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မရှိ ကွန်ကရစ်လမ်း ခင်းခြင်းများ ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

 အဆိုပါ ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းများပြီးစီးပါက သပြေတောကျေးရွာမှ အိမ်ခြေ(၁၄၄)အိမ်၊ လူဦးရေ(၇၁၃)ဦးအတွက် အကျိုးပြုမည်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးလုပ်ငန်းများလည်း ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)