နေပြည်တော် ဇန်နဝါရီ ၁၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံးမှ ဝန်ထမ်းများစာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာဖတ်စွမ်းရည်မြင့်မား တိုးတက်လာစေရန်အတွက် ယနေ့ နံနက်ပိုင်းတွင် ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ နိုဝင်ဘာ (၂၂) ရက်နေ့ထုတ် မြဝတီသတင်းစာပါ စာရေးဆရာ ကိုချမ်းမြေ့ ရေးသားသည့် “ပြည်သူများနှင့် ပြည်သူ့ဆက်ဆံရေး” ဆောင်းပါးကို စာဖတ်ဝိုင်း ပြုလုပ် ဆွေးနွေးကြသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့် စာဖတ်ခြင်းမှရရှိသည့် အကျိုးကျေးဇူးများ ကိုရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်ကြသည့် ဝန်ထမ်းများက ‘‘ပြည်သူများနှင့်ပြည်သူ့ဆက်ဆံရေး” ဆောင်းပါးတွင် ပါဝင်သည့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအကြာင်း၊ ပြည်သူ့ဆက်သွယ်ရေးလုပ်ငန်းအောင်မြင်စွာ ဆောင်ရွက်နိုင် ရေးအတွက် လူထုဆက်သွယ်ရေး(Media)နည်းလမ်းများအသုံးပြုခြင်း၊ ပြည်သူများထံသို့ သတင်းအချက် အလက်များပေးပို့ခြင်း၊ အမျိုးသားအကျိုးစီးပွားဘက်တော်သား အရည်အသွေးမြင့်မားသည့် မီဒီယာသမား ကောင်းဖြစ်ရန် လိုအပ်ခြင်းများကို အလှည့်ကျဖတ်ကြပြီး မိမိတို့၏ အမြင်များကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)