ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေး

ဇေယျာသီရိ    ဇန်နဝါရီ     ၁၃

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယမန်နံနက်ပိုင်းမှ စတင်ကာ မအူတောကျေးရွာအုပ်စု၊ စိမ်းစားပင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။                                                 

ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဥတ္တရခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးက ပန်းခင်းစီမံချက်အကြောင်း အသိပညာပေး ရှင်းလင်းခြင်းနှင့် နိုင်ငံတော်မှ ကူညီပံ့ပိုးနေမှုများ၊ နိုင်ငံသားကတ်ပြား၏ တန်ဖိုးနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများလိုက်နာရမည့် စည်းကမ်းချက်များကို နိုင်ငံသားစိစစ်ရေး ကတ်ပြားလာရောက်ပြုလုပ်သည့် ပြည်သူမျာအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ ကွင်းဆင်း ဆောင်ရွက်နေမှုအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဥတ္တရခရိုင်ဦးစီးမှူး ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် အဖွဲ့ဝင်များကြည့်ရှု စစ်ဆေးရာ ဇေယျာသီရိမြို့နယ် ဦးစီးမှူး ဦးစန်းလွင်မှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားဆောင်ရွက်ပေးနေမှုအား လိုက်လံရှင်းလင်း ပြောကြားခဲ့သည်။

ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် သတ်မှတ်ချက်ဖြင့်ကိုက်ညီသည့် မအူတော ကျေးရွာ အုပ်စုမှ ပြည်သူ(၁၂၅)ဦးကို  နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေးဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ဆောင်ရွက်လိုပါက  ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ တစ်ဆင့်ချိတ်ဆက် ပြီးမြို့နယ်ရုံးသို့ လာရောက်ပြုလုပ်နိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဇေယျာသီရိ မြို့နယ်ဦးစီးမှူးရုံးမှသိရသည်။ 

မြို့နယ်(ပြန်/ဆက်)